ကိုးရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၂၃ ဇွန်လမှ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၆၁,၀၀၀ ကို စစ်တမ်းကောက်ယူပြီး အချက်အလက်များကို ပြုစုကာ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆိုးလ်မြို့တော်ရှိ အိမ်ရာဈေးနှုန်းများသည် မကြာသေးမီနှစ်များအတွင်း ဆက်လက်မြင့်တက်ခဲ့သည်။
အလုပ်အကိုင် အခွင့်အလမ်းများ၊ လူနေမှုဘဝ ပိုမိုကောင်းမွန်ရေးနှင့် အခြားသော အကြောင်းများကြောင့် နိုင်ငံ၏ မြို့တော်သို့ ရောက်လာကြသူ ပိုများလာသည့်အလျောက် အိမ်ရာဈေးနှုန်းများ မြင့်တက်သည်။ စစ်တမ်းကာလတွင်ပျမ်းမျှအိမ်စျေးနှုန်းနှင့် ပျမ်းမျှအိမ်ထောင်စု တနှစ်တာဝင်ငွေအချိုးသည် ဆိုးလ်တွင် ၁၃ ရှိသည်။ ဆိုလိုသည်မှာ
ကိုရီးယားအိမ်ထောင်စုတစ်ခုသည် ဆိုးလ်တွင် အိမ်ဝယ်လိုပါက ရသည့်ဝင်ငွေကို တပြားတချပ်မှ မသုံးဘဲ ၁၃ နှစ်အထိ စုဆောင်းမှ အိမ်ရာတယူနစ်ကို ဝယ်ယူနိုင်မည်။


