back

ဗီယက်နမ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် အကြီးဆုံး ကုန်တင်သင်္ဘောကို လွှဲပြောင်း

May 17 • 10:40 AM

cover

ဗီယက်နမ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် အကြီးဆုံး ကုန်တင်သင်္ဘောကို လွှဲပြောင်း

ဗီယက်နမ်သင်္ဘောကျင်းတွင် 65,000 dwt အရွယ်အစားရှိ ဝမ်းပုံတင်သင်္ဘော Truong Minh Dream ကို တည်ဆောက်မှု ပြီးစီးခဲ့သည်။ ဗီယက်နမ်တွင် တည်ဆောက်ခဲ့သည့် သင်္ဘောများအနက်...

ဗီယက်နမ်သင်္ဘောကျင်းတွင် 65,000 dwt အရွယ်အစားရှိ ဝမ်းပုံတင်သင်္ဘော Truong Minh Dream ကို တည်ဆောက်မှု ပြီးစီးခဲ့သည်။ ဗီယက်နမ်တွင် တည်ဆောက်ခဲ့သည့် သင်္ဘောများအနက် အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး ၄ စင်း အမှာစာ လက်ခံရရှိထားရာ၌ ပထမဆုံး တည်ဆောက်ပြီးစီးသည့် သင်္ဘောဖြစ်သည်။ အလျား ၆၅၆ ပေ (မီတာ ၂၀၀ ဝန်းကျင်) ရှိပြီး ဂျပန်မှ ClassNK က အရည်အသွေးစံကို စစ်ဆေးအတည်ပြုပေးသည်။ Vietnam Shipbuilding Engineering JSC (VISEC) နှင့် Bluetech Finland တို့ ပူးပေါင်းပြီး ဒီဇိုင်းထုတ်ခဲ့ကြသည်။ Shipbuilding Industry Corporation (SBIC) ၏ လက်အောက်ခံ Nam Trieu Shipbuilding Company မှ တည်ဆောက်ပေးသည်။ ဒီဇင်ဘာ ၂၆ ရက်တွင် သင်္ဘောကို ပြေးဆွဲမည့် Dong Bac Shipbuilding Industry JSC ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

news-view-count-icon

37