အဆိပ်ပြင်းသည့်တောမှိုများကို စားမိကာ လူခြောက်ဦးေသဆုံးခဲ့သဖြင့် လာအိုနိုင်ငံ မြောက်ပိုင်း အာဏာပိုင်များသည် သတိပေးချက်ကို ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် နောက်ထပ်မစားသုံးမိစေရန် တိုက်တွန်းထားခဲ့သည်။ပြည်နယ်ကျန်းမာရေးရုံး၏ သတင်းထုတ်ပြန်ချက်အရ အဆိပ်ရှိသော မှိုများကိုစားမိသဖြင့် ၂၀၂၅ ခုနှစ် ဇနိနဝါရီလမှစတင်၍ ပြည်နယ်အတွင်း လူ ၆ ဦးေ-သဆုံးပြီး ၂ ဦးဖျားနာခဲ့ကြောင်းသိရသည်။အဆိုပါတောမှိုစားသုံးပြီးမကြာမီပင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းစသည့်လက္ခဏာများကို ခံစားရကြောင်းဖော်ပြထားသည်။ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက ပြည်သူများအနေဖြင့် အဆိုပါမှိုကို ထပ်မံစားသုံးခြင်းမပြုဘဲ စားသုံးမိ၍ ရောဂါလက္ခဏာပြလာပါက ချက်ချင်းအကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်းတိုက်တွန်းထားသည်။
| 21 | 0 | 0 | 0 |


