back

ဗုံးကြဲတိုက်ခိုက်မှု ဒုတိယမြောက်ညအဖြစ် ခမ်းယူနွတ်ကို လေကြောင်းမှအစ္စရေးတိုက်ခိုက်သဖြင် လူ ၅၀ ကျော် သေဆုံး

May 17 • 10:30 AM

cover

ဗုံးကြဲတိုက်ခိုက်မှု ဒုတိယမြောက်ညအဖြစ် ခမ်းယူနွတ်ကို လေကြောင်းမှအစ္စရေးတိုက်ခိုက်သဖြင် လူ ၅၀ ကျော် သေဆုံး

မေ ၁၅ နှင့် မေ ၁၄ ညပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု အများအပြားသည် ဂါဇာတောင်ပိုင်း မြို့ ဖြစ်သည့် ခမ်းယူနွတ်ကို ထိမှန်ခဲ့ပြီး ဒုတိယည ပြင်းထန်သော ဗုံးကြဲတ...

မေ ၁၅ နှင့် မေ ၁၄ ညပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု အများအပြားသည် ဂါဇာတောင်ပိုင်း မြို့ ဖြစ်သည့် ခမ်းယူနွတ်ကို ထိမှန်ခဲ့ပြီး ဒုတိယည ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုတွင် လူ ၅၀ ကျော် သေဆုံး ခဲ့ပြီး မြောက်ဘက်ပိုင်း၌ အစ္စရေး၏နောက်ထပ် လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ဒါဇင်ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်တွင် အစ္စရေးမပါဘဲ ပင်လယ်ကွေ့တိုင်းပြည်များကို သွားရောက်ခဲ့သည်။မစ္စတာ ထရမ့် ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာခရီးစဉ်သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သို့မဟုတ် ဂါဇာသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ သက်တမ်းတိုးရေး အတွက် လမ်းညွှန်နိုင် မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြသည်။

news-view-count-icon

9