ယနေ့ မေလ ၁၇ ရက်နေ့မှာ ဘန်ကောက် အပါအဝင် ထိုင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မေလ ၁၇ ရက်နေ့မှာ မိုးရွာ၊ မိုးကြီးမယ်လို့ TMD က သတိပေးလိုက်ပါတယ်။ မိုးကြီးတဲ့ ဒေသတွေမှာ မြေနိမ့်ပိုင်း၊ မြစ်ချောင်း၊ တောင်ကုန်းတွေနဲ့ နီးတဲ့ ဧရိယာတွေမှာ ရေကြီးနိုင်ပါတယ်။ TMD က ထိုင်း တောင်ပိုင်းမှာ အသင့်အတင့် အားကောင်းတဲ့ လေဟာ အက်ဒမန် ပင်လယ်မှာ အမြင့် ၁-၂ မီတာနဲ့ ၂ မီတာကျော် လှိုင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောပါတယ်။ သင်္ဘောနဲ့ မော်တော်ဘုတ်တွေကို သတိထားပြီး မောင်းနှင်ကြဖို့ အကြံပေးထားပါတယ်။ 
| 9 | 0 | 0 | 0 |


