စပိန်က ဘောလုံးကွင်း တစ်ခုနားမှာ လူအုပ်ကို ကားဝင်တိုက်လို့ လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။မေလ ၁၅ ရက်နေ့ ညပိုင်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ အခြေစိုက် ခါးသီး မြို့ခံ ပြိုင်ဘက်တွေဖြစ်တဲ့ အက်စ်ပန်ညိုနဲ့ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ အဲဒီပွဲစဉ်အတွက် အက်စ်ပန်ညို အသင်း အိမ်ကွင်းရှေ့မှာ ပရိသတ်တွေ စုဝေးနေတဲ့အချိန် ကားတစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ဥရောပမှာ အကြမ်းဖက်သမားတွေက လူအုပ်ထဲ ကားနဲ့ တမင်ဝင်တိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးပေမယ့်လည်း ဘာစီလိုနာမြို့ တည်ရှိရာ ကာတာလန်ပြည်နယ် ရဲတပ်ဖွဲ့က အခု ကိစ္စကတော့ ယာဉ်မတော်တဆမှု တစ်ခုသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
| 7 | 0 | 0 | 0 |


