back

ဂျပန်နိုင်ငံ ဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် အရေးပေါ်သိုလှောင်မှုမှ နောက်ထပ် ဆန်တန်ချိန် ၃ သိန်း ထုတ်ရောင်းမည်

May 17 • 10:27 AM

cover

ဂျပန်နိုင်ငံ ဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် အရေးပေါ်သိုလှောင်မှုမှ နောက်ထပ် ဆန်တန်ချိန် ၃ သိန်း ထုတ်ရောင်းမည်

ဂျပန်နိုင်ငံတွင် ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ထိန်းရန်အတွက် ဆန် အရေးပေါ်သိုလှောင်မှုမှ နောက်ထပ်ဆန် မက်ထရစ်တန် ၃ သိန်း ကို ဇူလိုင်လအထိ ထုတ်‌ရောင်...

ဂျပန်နိုင်ငံတွင် ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ထိန်းရန်အတွက် ဆန် အရေးပေါ်သိုလှောင်မှုမှ နောက်ထပ်ဆန် မက်ထရစ်တန် ၃ သိန်း ကို ဇူလိုင်လအထိ ထုတ်‌ရောင်းပေးသွားမည်ဟု သောကြာနေ့ (မေ ၂၆)တွင် ပြောကြားသည်။ ထုတ်ရောင်းလိုက်သည့် စပါးများကို ပြန်လည်ဖြည့်တင်းသည့် မူဝါဒကိုလည်း ဖြေလျှော့ပေးသည်။ စပါးခင်းများ အပူလှိုင်းများ ထိသဖြင့် အထွက်လျော့ကျခဲ့ခြင်း၊ ဂျပန်သို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ များပြားသဖြင့် ဆန်စားသုံးမှု မြင့်တက်ခြင်းတို့ ပေါင်းစုံသဖြင့် ဆန်ဈေးနှုန်းများသည် ယမန်နှစ်ကထက် ၂ ဆ ဖြစ်နေသည်။ပြီးခဲ့သည့် မတ်လမှစ၍ တန်ချိန် ၃၁၀,၀၀၀ ကို ဆန် အရေးပေါ်သိုလှောင်မှုမှ ထုတ်ရောင်းခဲ့သည်။ ဆန်ဈေးနှုန်းထိန်းရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ထုတ်ရောင်းဖူးခြင်း ဖြစ်သည်။ ယခုအခါ နောက်ထပ် တန်ချိန် ၃ သိန်း ထုတ်ရောင်းပေးသည်။

news-view-count-icon

6