တရုတ်နှင့် စင်ကာပူတို့၏ ရေတပ်သင်္ဘောများသည် စင်ကာပူနိုင်ငံအနီး ပင်လယ်ပြင်တွင် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကြိုတင်သတ်မှတ်ထားသော လေ့ကျင့်ခန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ယခုအကြိမ်ရေပြင်လေ့ကျင့်မှုအပြီးတွင် နှစ်နိုင်ငံရေတပ်များသည် လေ့ကျင့်မှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ ပြုလုပ်ပြီးနောက် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဟုလည်း သိရသည်။
| 13 | 0 | 0 | 0 |


