စင်ကာပူတွင် ယခုလအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမှာ တစ်နှစ်အတွင်း အမြင့်ဆုံးအဆင့် ပြန်လည်ရောက်ရှိလာကာ ယခုတစ်ပတ်အတွင်း ကူးစက်ခံရသူ ၁၄၂၀၀ ရှိကာ ယခင် တစ်ပတ်က ထက် ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် အထူးသတိထားဆင်ခြင်ကြရန် ကျန်းမာရေးဝန်ကြီး ဌာနက မေ ၁၅ ရက်၌ သတိပေးထုတ်ပြန်ခဲ့သည်။လက်ရှိ ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ပိုမိုပြင်းထန်၊ သေဆုံးမှုများပြားမှုရှိသည့် ကပ်ဘေးအဆင့်မဟုတ်သော်လည်း လှိုင်းတစ်လှိုင်းအသွင်ဆောင်လာနိုင်သောကြောင့် ကာကွယ် ဆေးထိုးခြင်းနှင့် အန္တရာယ်ပိုများသည့် အသက်အရွယ်၊ ကျန်းမာရေးချို့ယွင်းမှုပိုင်းရှိသူများအတွက် booster ကာကွယ်ဆေးများထိုးခြင်းကို သတိမချွတ်ယွင်းစေဘဲ ထိုးကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
| 8 | 0 | 0 | 0 |


