အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အထင်ကရ ရှိတ်ခ်ဇာယက်ဒ် မဟာဗလီကြီးကို ယာယီ ပိတ်ပေးခဲ့ပါတယ်။အရှေ့အလယ်ပိုင်း ဒေသကို တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ထရမ့်ဟာ မေလ ၁၅ ရက်နေ့က အဲဒီ ခမ်းနားထည်ဝါတဲ့ ဘာသာရေး အဆောက်အအုံကြီးထဲကို ရောက်ရှိခဲ့တာပါ။ ပုံမှန်အားဖြင့် ဗလီကြီးကို ပိတ်လေ့မရှိပေမယ့် လုံခြုံရေး အစီအမံတွေအရ ထရမ့်ရောက်နေတဲ့ အတောအတွင်းမှာတော့ အာဏာပိုင်တွေက မွတ်ဆလင် ဝတ်ပြုသူတွေ ဝင်ရောက်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ယာယီ ကန့်သတ် တားဆီးထားခဲ့တာ ဖြစ်ပါတယ်။
| 7 | 0 | 0 | 0 |


