ယခုလို မိုးဦးကျရာသီချိန်မအူပင်မြစ်ကမ်းစပ် ပေါ်တော်စေတီအလွန် ညောင်ဝိုင်းကျေးရွာဘက် ရေချိုးဆိပ်အနီးမှာ လူငယ်လေးတစ်ဦး ရေနစ်ပျောက်ဆုံးနေသဖြင့်မအူပင်မီးသတ်တပ်ဖွဲ့ ၊ မအူပင်ကြက်ခြေနီတပ်ဖွဲ့ ၊သက်ဆိုင်ရာအုပ်ကြီးများ ၊စေတနာရှင်အသင်း ၊ မအူပင် - ၁၂ ရပ်ကွက် ရှာဖွေရေး လှေသမားများမှ ရေနစ် ပျောက်ဆုံးသည့် နေရာဝန်းကျင်တွင် ပြန်လည် တွေ့ရှိဆယ်ယူနိုင်ရေး ဆောင်ရွက်နေကြကြောင်း သိရသည် ။ပျောက်ဆုံးသူသည် မောင်အေးချမ်းသွင် ၊ အသက်(၁၆)နှစ် ၊ အမှတ်(၆)ရပ်ကွက် ၊ ဘုရားလမ်းနှင့် ခိုင်သဇင်လမ်း ထောင့်နေသူဟု သိရသည် ။



