တိုယိုတာသည် အမေရိကန်ဈေးကွက်အတွက် လျှပ်စစ်ကားစစ်စစ် SUV မော်ဒယ် bZ4X ၏ ၂၀၂၆ မော်ဒယ်အသစ်ကို အမည်အသစ်ဖြင့် ရောင်းချမည်။ 4X ကို ဖယ်ရှားလိုက်ပြီး bZ Woodland ဟု အမည်ပေးထားသည်။2026 bZ Woodland မော်ဒယ်ကို အမေရိကန်မှ Subaru ကားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်မည်။ အားသွင်းချိန် ပိုမြန်သည်။ (10-80% အားသွင်းချိန် နာရီဝက် ဝန်းကျင်) ခရီးတာ ၂၆၀ မိုင်အထိ ရသည်။ ၄ ဘီးယက်ဖြစ်ပြီး ပါဝါ 375 hp အထိ ထုတ်ပေးနိုင်သည်။ ဗိုက်အမြင့် ၈.၃ လက်မ ရှိသည်။ အကြမ်းခံ လမ်းကြမ်းမောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။



