မကြာသေးမီက ဆိုရှယ်မီဒီယာတွင် Zeekr ဒုဥက္ကဋ္ဌ Yuhui Zhao သည် ဂျပန်လမ်းများပေါ်တွင် Zeekr X ရောက်ရှိနေသည့် ပုံများကို ပို့စ်တင်ပြီး မျှဝေခဲ့ရာ ဂျပန်ကားနံပါတ်ပြား တပ်ထားသည်ကို တွေ့ရသည်။ Zeekr သည် ဂျပန်ဈေးကွက်သို့ စတင်ဝင်ရောက်ရန် အသင့်ပြင်နေသည်။ ယခုနှစ် ၂၀၂၅ တွင် Zeekr X နှင့် Zeekr 009 မော်ဒယ် ၂ မျိုး စတင်ရောင်းချမည်။ တိုကျိုနှင့် Kansai တို့တွင် အရောင်းပြခန်း တခုစီ ထားရှိမည်။ Zeekr သည် ဂျပန်ဈေးကွက်သို့ ဝင်ရောက်သည့် ဒုတိယမြောက် တရုတ်ကားအမှတ်တံဆိပ် ဖြစ်လာမည်။



