မေလ (၁၆)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ချောင်းဖြူ၊ ဘိုကတော်၊ ကညစ်မြောင်၊ ဇီးကုန်း၊ ရှမ်းစုကြီး၊ ဆင်ဆိပ်၊ မဟင်၊ ကျွန်းကုန်း၊ မြောက်ရေကြည်၊ ဒိုးအင်း၊ အရှေ့ဆင်၊ အနောက်ဆင်၊ မင်းကြီးဆွေ၊ သဝန်ငယ်၊ တပင်ရွှေထီး၊ ကင်းဆိပ် စသည့်ကျေးရွာများမှ ငလျင်ဘေးသင့်အိမ်ထောင်စု(၂၅၆) စုအား အိမ်ထောင်စု(၁)စုလျှင် ငွေသား ၅၀,၀၀၀ ကျပ်၊
ဆန်(၆)ပြည်အိတ် (၁)အိတ်၊ ငါးသေတ္တာ (၁)ဘူး၊ မုန့်ကြွပ်(၁)ထုပ်၊ တာပေါ်လင်စ(၁)ချပ်၊ ခြင်ထောင်(၁)လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ တီရှပ်(၁)ထည်နှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁)စုံတို့ကို ထောက်ပံ့ပေးဝေခဲ့ပါတယ်။ ထောက်ပံ့ရာတွင် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ငလျင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါတယ်။အဆိုပါကျေးရွာများတွင် ငလျင်အန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက အသိပညာပေး ဟောပြောခဲ့ပါတယ်။



