ထားဝယ်မြို့ပေါ်တွင် မေလ ၁၅ရက် ညက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် ကိုနေလင်းထက်သည် ကုန်တင်ကုန်ချ အလုပ်လုပ်ပြီး ည ၁၀ နာရီမှ အိမ်ပြန်လာသောကြောင့် အိမ်ပြန်နောက်ကျသည့်အတွက် ဇနီးဖြစ်သူနှင့် စကားများခဲ့ကြပြီးနောက် ဇနီးဖြစ်သူသည် ရက် ၁၀၀ အရွယ် သားဖြစ်သူနှင့်အတူ အိပ်ခန်းအပြင် ထွက်အိပ်နေရာ ခင်ပွန်းဖြစ်သူ ထွက်မလာသဖြင့် ည ၁၁ နာရီခန့်တွင် အိပ်ခန်းထဲ ပြန်ဝင်ကြည့်ရာ ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရပါသည်။



