back

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

May 16 • 4:41 PM

breaking-news

မြန်မာ

မန္တလေး

cover

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊ ဘဏ်စာအုပ်(၃၁)အုပ်၊ ရွှေဆွဲကြိုး(၁၅)ကုံး၊ ရွှေ လက်ကောက်(၁၂)ကွင်း၊ ရွှေဟန်းချိန်း(၁၁)ကုံး၊ ရွှေလက်စွပ်(၂၅)ကွင်း၊ ရွှေဆွဲသီး(၂၁)ခု၊ ရွှေနားကပ် (၁၅)ရံ၊ (၁)ကျပ်သားရွှေတုံး(၁၀)တုံး၊ 0.2g ရွှေပြား(၆)ပြား၊ ရွှေတွယ်ချိတ်(၃)ခု၊ အဆောက်အဦး၏ (C)အ ဆောင်၊ အခန်းအမှတ် M-10 မှ အမေရိကန်ဒေါ် လာ(၁၀၀)တန်(၈)ရွက်၊ ၁ ဒေါ်လာ(၁)ရွက်၊ ယူပီ (၅၀၀)တန်(၁၈)ရွက်၊ ရွှေနားကပ်(၄)ရံ၊ ကျောက်ပါရွှေဆွဲသီး(၁)ခု၊ ရွှေဆွဲသီး(၂)ခု၊ ရွှေလက်စွပ်(၂) ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ ဖန်စီလက်ဝတ်လက်စား (၁)အိတ်၊ Shashi Bushan အမည်ပါစာရွက်စာ တမ်းများ၊ Shashi Bushan အမည်ပါ passport (၂)အုပ်၊ Cosmatic ပစ္စည်းများအားတွေ့ရှိရသဖြင့် ပိုင်ရှင်ဖြစ်သူ၏ ကိုယ်စားလှယ်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။




news-view-count-icon

23