back

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၁၆ ဒသမ ၂ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

May 16 • 4:40 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၁၆ ဒသမ ၂ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၁၆ ဒသမ ၂ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖက်တမင်...

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၁၆ ဒသမ ၂ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း နှင့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။



news-view-count-icon

42