မြန်မာလိဂ်ဝမ်းကလပ် ရခိုင်ယူနိုက်တက်အသင်းသည် အပြောင်းအရွှေ့ကာလအတွင်း ဘရာဇီးကစားသမား ( ၂ ) ဦးကို ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါသည်။ရခိုင်ယူနိုက်တက်အသင်းသည် ၎င်းတို့၏နည်းပြဟောင်း ပေါ်တူဂီလူမျိုး နည်းပြနှင့်အတူ လေ့ကျင့်အစီအစဉ်များ စတင်ပြုလုပ်နေပြီဖြစ်ပြီး လိဂ်အပြောင်းအရွှေ့ကာလအတွင်းမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့ရှိတယ်လို့ သိရှိရပါတယ် ။ရခိုင်အသင်းဟာ MNL League Cup ပြိုင်ပွဲမှာ ( ၂ ) ပွဲကစားထားပြီး ( ၄ ) မှတ်ရရှိထားကာ မေလ ( ၁၇ ) ရက်နေ့ညနေပိုင်းမှာ အုပ်စုတတိယမြောက်ပွဲစဉ်အဖြစ် ချင်းလန်းအက်ဖ်စီအသင်းနှင့် တွေ့ဆုံသွားရမှာပဲ ဖြစ်ပါတယ် ။



