မကြာမီကာလအတွင်း ထိုင်းနိုင်ငံတွင် နောက်ထပ်ငလျင်လှုပ်ခတ်နိုင်ခြေမှာ အလွန်နည်းပါး နေသေးသော်လည်း ဘန်ကောက်အပါအဝင် နိုင်ငံအများအပြားသည် အနီးနားပြတ်ရွေ့ကြောများမှ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ငလျင်ပညာရှင်တစ်ဦးက သတိပေးထားသည်။ မေလ ၁၅ ရက် ကြာသပတေးနေ့ ဘန်ကောက်ပို့စ် အသိပညာဖိုရမ်တွင် ငလျင်အလွန် (“After the Quake”) ခေါင်းစဉ်ဖြင့် အေးရှင်းအင်စတီကျူအော့ဖ်တက်ခ်နော်လော်ဂျီ (အေအိုင်တီ) မှ ပါမောက္ခပင်နုန်ဝါနစ်ချိုင် က ဘန်ကောက်၏ ထူးခြားသော ပထဝီဝင်အင်္ဂါရပ်များသည် အဝေးမှငလျင်ဒဏ်များ၏ သက်ရောက်မှုအပေါ် ထိခို-က်မှုများရှိနိုင်ကြောင်း ရှင်းပြခဲ့သည်။



