back

လာအို၌ စိတ်ကြွဆေးပြား ၁၀ သန်းသိမ်းဆည်းရမိ

May 16 • 12:38 PM

breaking-news

မြန်မာ

ပြည်ပ

cover

လာအို၌ စိတ်ကြွဆေးပြား ၁၀ သန်းသိမ်းဆည်းရမိ

လာအိုနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်း၌ မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွဆေးပြားမျ...

လာအိုနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်း၌ မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွဆေးပြားများအား ဗီယင်ကျန်းမြို့၏ အနောက်မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာရှိ ဘိုခဲခရိုင်တွင် မေလ ၁၀ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ယာဉ်ပေါ်၌ စိတ်ကြွဆေးပြား ၁၀ သန်းပါဝင်သည့် အိတ် ၅၀ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့များက ဆက်လက်စုံစမ်းနေကာ မူးယစ်ဆေးများ၏ဇာစ်မြစ်နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များကိုပါ ဖော်ထုတ်အရေးယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။



news-view-count-icon

13