ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော အမှတ် (၅) နယ်မြေ၊ လမ်းသွယ် (၁) တွင် ဆိုဖာစက်ရုံ၌ ပြီးခဲ့သည့် မေလ ၁၁ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မြန်မာအမျိုးသမီးတစ်ဦး နေထိုင်သည့် အခန်းသို့ သူမအား တဖက်သတ်ကြိုက်နေသူ အသက် ၂၇ နှစ်အရွယ် စိုးမိုးကျော်ရောက်ရှိလာပြီး အဓမ္မပြုကျင့်ခဲ့သည်။ အမျိုးသမီးမှာ အဓမ္မပြုကျင့်ခံရမှုကြောင့် စအိုနှင့် အမျိုးသမီးအင်္ဂါ ပျက်စီးသွားသဖြင့် ဆေးရုံကြီး၌ ခွဲစိတ်မှုပြုလုပ်ကာ အရေးပေါ် ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအား ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ယနေ့ မေလ ၁၆ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။



