back

ရှမ်းအရှေ့မှာ မြေရှားသတ္တုတူးဖော်မှု‌ကြောင့် မြန်မာနဲ့ထိုင်းလူထု တစ်သန်းကျော်ရဲ့ ကျန်းမာရေး ပြဿနာစိုးရိမ်ရ

May 16 • 10:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းအရှေ့မှာ မြေရှားသတ္တုတူးဖော်မှု‌ကြောင့် မြန်မာနဲ့ထိုင်းလူထု တစ်သန်းကျော်ရဲ့ ကျန်းမာရေး ပြဿနာစိုးရိမ်ရ

ထိုင်းနယ်စပ်အနီး ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်မှုကြောင့် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ ဒေသခံ တစ်သန်းကျော်ရဲ့ ကျန်းမာရေးပြဿနာကို စိုးရိမ်ရ...

ထိုင်းနယ်စပ်အနီး ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်မှုကြောင့် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ ဒေသခံ တစ်သန်းကျော်ရဲ့ ကျန်းမာရေးပြဿနာကို စိုးရိမ်ရကြောင်းသိရပါသည်။၎င်းမြေရှားသတ္တုတူးဖော်တဲ့နေရာဟာ ဂြိုလ်တုဓါတ်ပုံအရ မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသထဲမှာ ဖြစ်ပြီး သတ္တုတူးဖော်တဲ့နေရာ ၂ နေရာကို မြင်တွေ့ရပါသည်။ဒါ့အပြင် ၎င်းမြေရှားသထ္တုတွင်းမှ စွန့်ထုတ်တဲ့အညစ်‌အကြေးတွေက နမ့်ခုတ်(ကော့)မြစ်အတွင်းထဲ စီးဝင်တာကြောင့် ၎င်းမြစ်ကို မှီခိုနေထိုင်ကြတဲ့ မြန်မာဘက်က မိုင်းဆတ်မြို့ ထိုင်းဘက်ခြမ်းဖြစ်တဲ့ ချင်းမိုင်ခရိုင်ထဲကရွာတွေနဲ့ ချင်းရိုင်၊ ချင်းဆန် စတဲ့မြို့နယ်က လူထုတွေ တစ်သန်းကျော်က အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ 



news-view-count-icon

16