back

မူဆယ်မြို့ လူမြင်ကွင်းမှာ အမျိုးသမီး ၁ဦးကို အမျိုးသား ၂ဦးက ဓားထောက်ပြီး လုယက်ခဲ့၊ ဖုန်းနဲ့ ဆွဲကြိုးနှစ်ကွင်း ပါသွား

May 16 • 10:43 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်မြို့ လူမြင်ကွင်းမှာ အမျိုးသမီး ၁ဦးကို အမျိုးသား ၂ဦးက ဓားထောက်ပြီး လုယက်ခဲ့၊ ဖုန်းနဲ့ ဆွဲကြိုးနှစ်ကွင်း ပါသွား

ယနေ့ မေလ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားနှစ်ဦးက ရှေ့ကန...

ယနေ့ မေလ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားနှစ်ဦးက ရှေ့ကနေ ပိတ်ရပ်ပြီး ပိုက်ဆံအိတ်ထဲရှိ ဖုန်းနဲ့ ဆွဲကြိုးနှစ်ကွင်းကို လုယက်ယူဆောင်သွားခဲ့တာဘဲ ဖြစ်ပါတယ်။"သူတို့နှစ်ယောက်က နောက်ကနေ ဆိုင်ကယ်မောင်းလာတာ။ ဓားထုတ်ပြီးတော့ ရှေ့ကနေ ကျမကို တားလိုက်တာ။ ရှိသမျှအကုန်ပေးဆို‌တော့ ကျမဖုန်းကို ပေးလိုက်တာ။ ဖုန်းယူပြီးတော့ ကျမ ပိုက်ဆံကိုပါ ထပ်ယူသွားတယ်။ ပိုက်ဆံအိတ်ထဲတော့ ဆွဲကြိုးနှစ်ကွင်းနဲ့ ပိုက်ဆံ နည်းနည်းတော့ပါတယ်။ သူတို့နှစ်ယောက်လုံးက mask တပ်ထားတယ်။ နှစ်ယောက်လုံးက ဆယ်ကျော်သက်‌ အရွယ်လောက်တွေဘဲ ရှိအုံးမယ်ထင်တယ်။ မျက်နှာသေချာ မမြင်လိုက်ရဘူး။ ပိုက်ဆံမရှိလို့ ရှိထားတဲ့ ဆွဲကြိုးနှစ်ကွင်းကို ရွှေဆိုင်မှာ သွားပေါင်မလို့ပါဆိုမှ။ အိမ်ကလဲ သုံးစရာမရှိဘူးလေ"လို့ ကာယကံရှင်ဖြစ်သူထံမှ သိရပါသည်။



news-view-count-icon

10