စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နနံနက် ၈ နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွါ ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။အဆိုပါထောက်ပံ့ငွေများကို အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နေရပ်စွန့်ခွာအိမ်ထောင်စု ၂၁၂ စု၊ လူဦးရေ ၅၀၂ ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေနှစ်လစာ ငွေကျပ်လေးသောင်းနှုန်းဖြင့် စုစုပေါင်း ၂၀,၀၈၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။



