စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ကျွန်း (၃,၀၀၀)၊ တမာ (၄,၀၀၀)၊ ပျဉ်းကတိုး (၃,၀၀၀) ခရေ (၄,၀၀၀)၊ စွယ်တော် (၄,၀၀၀)၊ ယူကလစ် (၁,၀၀၀)၊ မယ်ဇလီ (၁,၀၀၀) စုစုပေါင်းပျိုးပင်မျိုးစုံ (၂၀,၀၀၀ ) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ ထို့အပြင် အထူးပျိုးပင်အဖြစ် အမြင့် ၃ပေမှ ၅ပေ ၁၁ လက်မရှိ ခရေ (၁,၅၀၀)၊ မဟော်ဂနီ (၁,၅၀၀)၊ ဗန်ဒါ (၅၀၀)၊ ပိတောက် (၅၀၀) စုစုပေါင်းပျိုးပင် (၄,၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။



