စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသတွင်းလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရည်ရွယ်ကာ အလှပန်း ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို မေ ၁၅ ရက်မွန်းလွဲ ၂ နာရီက ကျင်းပသည်။အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်၍ သင်တန်းကာလမှာ မေ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ရောင်စုံ ဖဲပြားများဖြင့် အလှပန်းပြုလုပ်နည်းဘာသာရပ်ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။



