back

မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်ရှိ ယာယီငလျင်ဘေးရှောင်စခန်းအား ရေသန့်များထောက်ပံ့

May 16 • 6:26 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်ရှိ ယာယီငလျင်ဘေးရှောင်စခန်းအား ရေသန့်များထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်ရှိ ယာယီငလျင်ဘေးရှောင်စခန်းများနှင့် သောက်သုံးရေလိုအပ်သည့်နေရာများသို့ ဧပြီလ(၅)ရက်နေ့မှ သောက်သုံ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်ရှိ ယာယီငလျင်ဘေးရှောင်စခန်းများနှင့် သောက်သုံးရေလိုအပ်သည့်နေရာများသို့ ဧပြီလ(၅)ရက်နေ့မှ သောက်သုံးရေစတင် ဖြန့်ဝေပေးခဲ့ရာ မေလ(၁၄)ရက်နေ့အထိ သောက်သုံးရေ လီတာ(၃)သိန်းကျော်ကို ဖြန့်ဝေခဲ့ပြီးဖြစ်ကာသောက်ရေပုံး အခက်အခဲရှိသည့် ယာယီငလျင်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု (၁,၇၇၀)စု အတွက် ရေလီတာ(၁၀)ဆန့် သောက်ရေပုံး(၁,၇၇၀)ပုံးကိုလည်း ပေးဝေခဲ့ပါတယ်။ ကြက်ခြေနီအသင်းအနေဖြင့် သောက်သုံးရေဖြန့်ဝေခြင်းနှင့်အတူ သန့်(၄)သန့်နှင့်လက်ဆေးနည်းသရုပ်ပြခြင်း တို့ကိုလည်း အသိပညာပေးလုပ်ဆောင်လျက်ရှိပါတယ်။



news-view-count-icon

20