back

ကမ္ဘောဒီးယားသည် ရာသီဥတု ပြောင်းလဲမှု၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ

May 16 • 6:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘောဒီးယားသည် ရာသီဥတု ပြောင်းလဲမှု၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ...

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ သက်ရောက်မှုများကို ခံစားလာနေရသည်။ မကြာသေးမီနှစ်များအတွင်း ဖနွမ်းပင်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များသည်ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရသည်။ ထောင်နှင့်ချီသော မိသားစုများ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရေးကြီးသော အခြေခံအဆောက်အဦးများနှင့် စိုက်ပျိုးရေးထွက်ကုန်များ အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုဆိုးလာသည့်ရေကြီးမှုများက ပိုပြင်းထန်လာကြောင်း ကျွမ်းကျင်သူများက ဆိုသည်။



news-view-count-icon

33