မြန်မာနိုင်ငံအနီး ဘင်္ဂလားပင်လယ်အော်ထဲမှာ
ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ၇၀%ရှိနေတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ဖော်ပြချက်အရ သိရပါတယ်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မေလထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာပြီး ပိုမိုအားကောင်းပါက မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ကြောင်းခန့်မှန်းထားသလိုမိုးဦးကာလဖြစ်တဲ့ မေလလယ်နဲ့ဇွန်လတွေမှာ နိုင်ငံတစ်ဝှမ်းမှာ မိုးသည်းထန်စွာရွာတာ၊မိုးလေကြမ်းတာတွေဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းကလည်း အကြံပြုပြောထားကာဘင်္ဂလားပင်လယ်အော်ထဲမှာမုန်တိုင်းဖြစ်နိုင်တဲ့ အကြောင်းကိုတော့ ဦးဝင်းနိုင်က မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ခွဲအချိန်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၇၀%ရှိနေပြီး
မေလ ၂၁ ရက် နံနက် ၆ နာရီခွဲအချိန် မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% ရှိနေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ လျော့ကျသွားပါတယ်။
မေလ ၂၆ ရက် နံနက် ၆ နာရီခွဲအချိန်မှာ အာရေဗျပင်လယ်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၇၀% အထိ ရှိလာပြီး၊ ဘင်္ဂလားပင်လယ်အော်ဘက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၃၀% သာရှိတော့ကြောင်းတွေ့ရတယ်လို့ ဖော်ပြထားကာမေလ ၂၉ ရက်နေ့မှာ အာရေဗျပင်လယ်အရှေ့ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ပြီး ဘင်္လားပင်လယ်အော်မြောက်ပိုင်းတွင်လည်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်မည့်အခြေအနေများတွေ့ရတယ်လို့လည်းထုတ်ပြန်ထားပါတယ်။


