ဟားခါး-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လမ်းမှာရက်ကြန့်ကြာမှုများ ရှိသော်လည်း ယခုကာလ အတွင်း ပုံမှန် ပြေးဆွဲကြောင်း၊ယာဉ်လိုင်း တစ်ခုရဲ့ တာဝန်ရှိသူမှထံမှ သိရပါသည်။ပုံမှန်အားဖြင့် ဟားခါး-ဂန့်ဂေါ-မန္တလေး-ရန်ကုန် လမ်းကို အသုံးပြုရ ပေမယ့် လုံခြုံရေး အခြေအနေ ရ ဂန့်ဂေါ ကို ကွင်းပြီး သွားခဲ့ရတဲ့ အချိန်တွေ ရှိကြောင်း၊ လက်ရှိမှာ ဟားခါး ကနေ မန္တလေး နှင့် ရန်ကုန်ကို ပုံမှန် ပြေးဆွဲ နိုင်ပေမယ့် ဆက်လက် ပုံမှန် ပြေးဆွဲ နိုင်ရေး ဟာ ဒေသ လုံခြုံရေး နှင့် ရာသီဥတု အခြေအနေ အပြောင်းအလဲ ပေါ် မူတည်ကြောင်း ဟားခါးလိုင်းကို မောင်းနှင်သည့် ယာဉ်လုပ်သား တစ်ဦးရဲ့ပြောကြားချက် အရ သိရှိရပါတယ်။



