back

ရန်ကုန်စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၀ ကျော်၌ မြို့ပြကျန်းမာရေးဌာနများဖွင့်ရန်စီစဉ်နေ

May 15 • 3:25 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၀ ကျော်၌ မြို့ပြကျန်းမာရေးဌာနများဖွင့်ရန်စီစဉ်နေ

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်ရန် စီစဉ်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမ...

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်ရန် စီစဉ်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့မှ သိရသည်။ထို့သို့ဖွင့်လှစ်ခြင်းမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့ဝန်ဆောင်မှုပေးနိုင်စေရန်၊ လူတိုင်းအနာ ရောဂါကင်း၍ သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်စေရန်၊ ပြည်သူ့ဆေးရုံကြီးများ၌ ပြသသောလူနာများကို စဉ် ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

16