ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ဒီးမော့ဆို-တောင်ငူဆက်သွယ်ရေးလမ်းမကြီးတစ်နေရာမှာဒီနေ့ (မေလ ၁၅ ရက်) မနက် ၁၁ နာရီလောက်ကစပြီး မိုးဆက်တိုက်ရွာသွန်းတာကြောင့် လမ်းမပေါ်က နေရာအချို့မှာ ရေလျှံနေတာပဲဖြစ်ပါတယ်။ရေလျှံမှုကြောင့် လမ်းသွားလမ်းလာသူတွေသယ်အဆာင်လာတဲ့ ပစ္စည်းတချို့ ရေစိုပျက်စီးတာ၊ ဆိုင်ကယ်တွေပျက်တာ စတဲ့အခက်အခဲတွေကို ကြုံတွေ့နေကြပါတယ်။



