မေလ ၁၃ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်မြို့လယ် မြို့တော်ခန်းမဘေးရှိ ဆူးလေကားမှတ်တိုင်တွင် ဘတ်စ်ကား စောင့်နေသော အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးထံမှ လမ်းပျော်ကလေးများ လေးဦးပါရှိသောအုပ်စုဖြင့် ပိုက်ဆံတောင်းရမ်းကြသည့်အခါ ၎င်းမှမပေးသည့်အတွက် လက်ကိုဓားဖြင့်လှီးကာ ခန္ဓာကိုယ်ကို တုတ်ဖြင့်ရိုက် နှက် ၍ ထွက်ပြေးသွားခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ၎င်း၏ယာဘက်လက်တွင် ပြတ်ရှသွေးထွက်ဒဏ်ရာများ၊ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရသည်။၎င်းမှ တာဝန်ကျရဲကင်းထံ သွားရောက်တိုင်တန်းခဲ့သလို ရဲကင်းမှချိတ်ဆက်အကြောင်းကြားမှုဖြင့် လင်း လက် လူမှုကူညီရေးအသင်းမှ အသင်းဝင်များရောက်ရှိလာကာ လိုအပ်သည့်ပြုစုကုသမှုများကို လုပ်ဆောင်ပေး ခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။



