MNL League Cup 2025 ဘောလုံးပြိုင်ပွဲ Group(A) အုပ်စု ပွဲစဉ်တစ်ပွဲအဖြစ် မေ ၁၆ ရက်၊ ညနေ (၃:၃၀) တက္ကသိုလ်ကွင်းတွင် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ဒဂုံပေါ့အသင်းတို့ ကစားကြမည်ဖြစ်သည်။ တက္ကသိုလ်လက်ရွေးစင်အသင်းသည် နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် တစ်မှတ် ရထားပြီး ဒဂုံပေါ့အသင်းသည် နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ရထားသည်။ (အစောပိုင်းတွင် ပွဲကစားချိန် ညနေ (၄:၀၀) သတ်မှတ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ညနေ (၃:၃၀) သို့ ပြောင်းလဲထားပါသည်။



