ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် အခြားသောမြို့နယ်များတွင် ယခုနှစ်အတွက်စိုက်ပျိုးရန် တောင်သူများဝယ်ယူသည့် (၆၂၅)ပြောင်းမျိုးစေ့သည် အပင်မပေါက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အရောင်းဆိုင်သေးတွင်ဝယ်မိသည့် တောင်သူများက ပြန်လဲသော်လည်း ပြောင်းမျိုးစေ့သည် ၎င်းတို့နှင့်မဆိုင်ပဲ ကုမ္ပဏီနှင့်သာသက်ဆိုင်ကြောင်း ပြောဆိုပြီးပြန်မလဲပေးကြောင်း သိရသည်။ ယခုလိုအပင်မပေါက်သည့်ပြောင်းမျိုးစေ့များဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး အရောင်းကိုယ်စားလှယ်၊ ကုန်သယ်ပွဲစား၊ ကုမ္ပဏီတို့ဘက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိစေချင်ကြောင်း တောင်သူများက တောင်းဆိုထားသည်။



