ရန်ကုန်မှာ အခုရက်ပိုင်း မိုးပုရစ်တွေရောင်းအားကောင်းနေပြီး မိုးပုရစ်ကြော်ပြီးရောင်းချတဲ့ တပိုင်တနိုင်လုပ်ငန်းတွေလုပ်ကိုင်သူများလာတယ်လို့ သိရပါတယ်။မိုးပုရစ်ကြော်အကောင်(၁၀၀)ကို ၂၈,၀၀၀ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေပြီး ပဲပုရစ်အကောင်ကြီးကြော် တွေကို အကောင်(၁၀၀)ကို ၂၃,၀၀၀ကျပ်ဝန်းကျင်နဲ့ရောင်းချနေကြတာဖြစ်ပါတယ်။



