ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန်များနှင့် ဓါတ်ဆီဈေး တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်တက်လာနေသည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပြီး စိုးရိမ်ကြောင့်ကြမှု များပြားလာနေကြောင်း ဒေသခံများထံမှ ယနေ့ မတ်လ ၂၀ ရက်နေ့ သတင်းပေးပို့ချက်အရ သိရသည်။လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း ဆန်(ဆန်ကြမ်း) တအိတ်ကို ၈၀,၀၀၀ ကျပ် မှ ၁၃၀,၀၀၀ ကျပ်၊ စားဆီ တစ်လီတာကို ၁၀,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်၊ ဆား တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဟင်းခပ်အချိုမှုန့် နိုဆီဗူးတစ်ဗူးကို ၅,၀၀၀ ကျပ်၊ ငါးပိ တစ်ပိဿာ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာ ၂၀,၀၀၀ ကျပ်၊ မာမီးခေါက်ဆွဲ(အထုပ်သေး) တစ်ထုပ်ကို ၃,၀၀၀ ကျပ်၊ ကော်ဖီမစ် (အထုပ်သေး) တစ်ထုပ်ကို ၁,၀၀၀ ကျပ်၊ အချိုရည် တစ်ဗူးကို ၂,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်၊ ရေသန့် တစ်လီတာ တစ်ဗူးကို ၃၀၀၀ ကျပ်၊ ကြက် တစ်ကောင် ၅၀,၀၀၀ ကျပ်၊ ဝတ်(အသေး) တစ်ကောင်ကို ၄၀၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်၊ နွားတစ်ကောင်ကို ၁၄ သိန်းမှ ၁၅ သိန်းကျပ် ပေးရပြီး ဓါတ်ဆီ တစ်လီတာကို ၉,၀၀၀ ကျပ် မှ ၁၂,၀၀၀ ကျပ် အထိ ပေးရကြောင်း ဒေသခံများထံမှ သိရသည်။



