back

ဂျပန်ကုမ္ပဏီကြီးအချို့ သီလဝါဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်မည်

May 15 • 11:30 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဂျပန်ကုမ္ပဏီကြီးအချို့ သီလဝါဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်မည်

ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ Kamigumi ၊ Sumitomo Corporation နဲ့ Toyota Tsusho တို့ဟာ ရန်ကုန်မြို့၊ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံ...

ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ Kamigumi ၊ Sumitomo Corporation နဲ့ Toyota Tsusho တို့ဟာ ရန်ကုန်မြို့၊ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်တော့မယ်လို့ အတည်ပြုလိုက်ကြောင်း Justice For Myanmar က ဖော်ပြထားပါတယ်။ရုပ်သိမ်းထွက်ခွာချိန်အတွင်း ဝန်ထမ်းအကူး အပြောင်းကာလအတွက် ပံ့ပိုးမှုတွေအပါအဝင် ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးနဲ့ လူအခွင့်အရေးစံနှုန်းတွေအတိုင်း ဆက်လက်ဆောင်ရွက်ထားကြောင်းလည်း ဆိုပါတယ်။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ သီလဝါဆိပ်ကမ်းဧရိယာရဲ့ လုပ်ကွက်အမှတ် ၂၅ နဲ့ ၂၆ မှာရှိတဲ့ TMIT ကို နှစ်ရှည်လုပ်ငန်းလည်ပတ် စီမံခန့်ခွဲဖို့ ဇန်နဝါရီလမှာ တင်ဒါခေါ်ခဲ့ပြီး လုပ်ငန်းအတွေ့ အကြုံ/ နည်းပညာပြည့်စုံတဲ့ ပြည်တွင်း/ ပြည်ပမှ ဆိပ်ကမ်းတံတားဝန်ဆောင်မှု ကုမ္ပဏီကြီးတွေထဲကနေ တင်ဒါစည်းကမ်းတွေနဲ့ အမြင့်ဆုံးကိုက်ညီမှုရှိတဲ့ ကုမ္ပဏီတစ်ခုကို ရွေးချယ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။




news-view-count-icon

11