၂၀၂၅ ခုနှစ် ဧပြီလအတွက် စေလွှတ်လချုပ်စာရင်းတွေ အချိန်မီတင်ပြဖို့ လိုအပ်နေတဲ့ အေဂျင်စီ ၈၈ ခု ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနလက်အောက် safe Migration မှ အသိပေးထားပါတယ်။လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ နိုင်ငံအလိုက် မိမိတို့ စေလွှတ်ခဲ့တဲ့ အလုပ်သမား တစ်ဦးချင်းစီရဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူး လက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပကို သွားရောက်တဲ့ နေ့စွဲ၊ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အလုပ်အကိုင်နဲ့ နေရပ် လိပ်စာ စတာတွေကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ရတာဖြစ်ပါတယ်။အေဂျင်စီအသီးသီးမှ စေလွှတ်ခဲ့တဲ့အလုပ်သမား ကိုယ်ရေးအချက်အလက်တွေ ပေးပို့ရတာတွေကို အခုနှစ်လယ်ပိုင်းကစတင် ညွှန်ကြားလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဝန်ကြီးဌာန အနေနဲ့ ပြည်ပကို သွား ရောက် အလုပ်လုပ်ကိုင် ဖို့ လျှောက်ထားလာသူ တွေထဲကနေ ကိုယ်ရေး အချက်အလက် (Profile) ကြည့်ပြီး စေလွှတ်သင့်မသင့် ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။



