back

မြန်မာဖိုက်တာ သန့်ဇင် အပေါ့စားလေ့ကျင့်ရေးများ စတင်ဆောင်ရွက်နိုင်ပြီ

May 15 • 11:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာဖိုက်တာ သန့်ဇင် အပေါ့စားလေ့ကျင့်ရေးများ စတင်ဆောင်ရွက်နိုင်ပြီ

မြန်မာဖိုက်တာ သန့်ဇင်သည် မျက်လုံးဝေဒနာ သက်သာလာခဲ့ပြီဖြစ်၍ လေ့ကျင့်ရေးအချို့ကို ပြန်လည်စတင် ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာက...

မြန်မာဖိုက်တာ သန့်ဇင်သည် မျက်လုံးဝေဒနာ သက်သာလာခဲ့ပြီဖြစ်၍ လေ့ကျင့်ရေးအချို့ကို ပြန်လည်စတင် ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလိုက်ပြီဖြစ်သည်။သန့်ဇင် သည် လက်ရှိအချိန်၌ အပေါ့စားလေ့ကျင့်ရေးများက လုပ်ဆောင်နေပြီး တစ်လအတွင်း၌ ကျန်းမာရေးအခြေအနေ စိတ်ချလာနိုင်ဖွယ်ရှိကြောင်း ၎င်း၏အစ်ကို ကိုထွန်းလွင်မိုးကလည်း ပြောကြားထားသည်။သန့်ဇင်သည် တစ်လကျော်လွန်ပြီးပါက ကျန်းမာရေးစစ်ဆေးချက်များကို ONE ထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး သန့်ဇင်၏မျက်စိကျန်းမာရေး စိတ်ချရပါက ၎င်းကို ပွဲအမြန်ဆုံးတည်ပေးရန် ONE ဘက်က စီစဉ်သွားဖွယ်ရှိနေသည်။



news-view-count-icon

24