မွမ်ဘိုင်းမှာ ပထမဆုံး ကြိုးမဲ့နှလုံးခုန်စက်ကို အသက် ၉၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီးရဲ့ လည်ပင်းသွေးပြန်ကြောကနေ ထည့်သွင်းနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်စာနဲ့ သမိုင်းဆရာမဟောင်း အယ်လီဇဘက်ဖီဂျာဒိုဟာ အသက်ရှူကြပ်ခြင်း၊ မူးဝေခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်းတို့ ခံစားခဲ့ရပြီး မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ အသက်ရှူမရဘဲ နိုးလာခဲ့တယ်လို့ သားဖြစ်သူ ဝီဖရက်ဖီဂျာဒိုက ပြောပါတယ်။ဆရာဝန်တွေက သူမရဲ့နှလုံးခုန်နှုန်းကို ချက်ချင်းပြုပြင်ဖို့ အကြံပေးခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ SL ရာဟီဂျာဆေးရုံမှ ဒေါက်တာ ဟာရက်ရှ်မက်တာနဲ့အတူ ဒေါက်တာ ကာယန်ဆီယိုဒီယာ၊ ဒေါက်တာ ရက်ဟက်နက်ပယ်တို့က အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ရင်ဘတ်ခွဲစိတ်စရာမလိုတဲ့ ကြိုးမဲ့နှလုံးခုန်စက်လေးကို ထည့်သွင်းခဲ့ပါတယ်။
May 15 • 6:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


