မာလီနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးကို မာလီစစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းဝေးပွဲတွေအားလုံးကို နိုင်ငံတော်ပိုင်နက်အတွင်း ဖျက်သိမ်းလိုက်တယ်လို့ သမ္မတအမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုဟာ ဒီမိုကရေစီစနစ်နဲ့ အရပ်သားအုပ်ချုပ်ရေးကို တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်းမာတဲ့ သဘောထားနဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာပိုင်တွေက ကတိကဝတ်ပြုထားပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် Assimi Goïta ဟာ နောက်ထပ်ငါးနှစ်ကြာ အာဏာကိုင်ဆွဲထားဖွယ်ရှိနေပါတယ်။
May 15 • 6:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 6 | 0 | 0 | 0 |


