သရုပ်ဆောင်ပွင့်နဒီမောင်ဟာ သူမရဲ့မွေးနေ့အထိမ်းအမှတ် သူမရဲ့ သူငယ်ချင်းမိသားစုတွေနဲ့အတူ သီလရှင်ဝတ်ပြီး ကုသိုလ်ယူခဲ့တာဖြစ်ပြီး သူမဟာ သီလရှင်မဝတ်ဖြစ်တာ ၃နှစ်ဝန်းကျင် ရှိပြီဖြစ်တာကြောင့် သူငယ်ချင်းတွေလည်း ဝတ်တုန်း သူမပါ အတူ ကုသိုလ်ယူခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာသူမတို့ သာသနာ့ဘောင်မဝင်ခင်က အချင်းချင်း နောက်ပြောင်ပြီး ဆံပင်ညှပ်ပေးခဲ့ကြတာကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြတာဖြစ်ပါတယ်။



