back

မဲဆောက်မှာ ထိုင်းဘုရင် (ဟောင်း) ရုပ်တုအောက်မှာ ပူဇော်ထားတဲ့ ပစ္စည်းတွေ ဖျက်ဆီးသူမှာ စိတ်ကျန်းမားရေးမကောင်းသူ ထိုင်းလူမျိုးတစ်ဦးဖြစ်

May 15 • 6:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဲဆောက်မှာ ထိုင်းဘုရင် (ဟောင်း) ရုပ်တုအောက်မှာ ပူဇော်ထားတဲ့ ပစ္စည်းတွေ ဖျက်ဆီးသူမှာ စိတ်ကျန်းမားရေးမကောင်းသူ ထိုင်းလူမျိုးတစ်ဦးဖြစ်

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ အဝေးပြေးကားလမ်းမပေါ်ရှိ ထိုင်းဘုရင်(ဟောင်း)ဖရာ့ကျောက်တာ့က်ရုပ်တု အောက်မှာ မေလ ၁၄ ရက် ညပိုင်းက ထိုင်းလူမျိုးတွေ ...

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ အဝေးပြေးကားလမ်းမပေါ်ရှိ ထိုင်းဘုရင်(ဟောင်း)ဖရာ့ကျောက်တာ့က်ရုပ်တု အောက်မှာ မေလ ၁၄ ရက် ညပိုင်းက ထိုင်းလူမျိုးတွေ ပူဇော်ထားတဲ့ ပစ္စည်းတွေဖျက်ဆီးသွားသူမှာ စိတ်ကျန်းမာရေးမကောင်း ထိုင်းလူမျိုးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဖျက်ဆီးသူမှာ ထိုင်းနိုင်ငံသား စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၅ နှစ်အရွယ်ရှိ ထလာဒွန်ဆိုသူဖြစ်ပြီး အရင်ကလည်း အများပြည်သူတွေရဲ့ ပစ္စည်း များကို မကြာခဏ ဖျက်ဆီးတတ်သူတစ်ဦးဖြစ်တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။လက်ရှိမှာ အဆိုပါ စိတ်ကျန်းမာရေးမကောင်းသူ ထိုင်းလူမျိုးကို မဲဆောက်ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ဆေးကုသမှုပြုလုပ်ဖို့အတွက် မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


news-view-count-icon

18