မေလ ၁၃ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၄၀ တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ် ချင်းရိုင်ခရိုင်၊ ချင်းဆည်ခရိုင်ခွဲ၌ ခရိုင်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မသင်္ကာ ဖွယ်ရာ ဘန်ကောက်လိုင်စင်နှင့် SUV ကားကို လိုက်လံ ဖမ်းဆီးရာ ကားတွင်းမှ ICE မူးယစ်ဆေးဝါး ၅၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ ကြောင်း ထိုင်းအာဏာပိုင်များက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ရဲများလိုက်လာချိန်တွင် ရင်ခုတ်လမ်းပေါ်၌ ကားပေါ်ပါလာသူများက ယင်းကားကို စွန့်ပစ် ထွက်ပြေးသွားကြပြီးနောက် ကားနှင့် မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
| 17 | 0 | 0 | 0 |


