back

အမျိုးသား တစ်ယောက်က ဘန်ကောက်၊ Phran Nok လမ်းမှ Soi Wat Lakhon Tham ထဲမှာ လူတွေကို ‌ေသနတ်နဲ့ ပစ်ခတ်နေ

May 15 • 6:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမျိုးသား တစ်ယောက်က ဘန်ကောက်၊ Phran Nok လမ်းမှ Soi Wat Lakhon Tham ထဲမှာ လူတွေကို ‌ေသနတ်နဲ့ ပစ်ခတ်နေ

ရူးနေတယ်လို့ ထင်ရတဲ့ အမျိုးသား တစ်ယောက်ဟာ ဘန်ကောက်၊ Phran Nok လမ်းမှ Soi Wat Lkhon Tham ထဲမှာ လူတွေကို ‌ေသနတ်နဲ့ပစ်နေတယ်လို့ မေ၁၅ရက်နေ့နံနက်မှာ ဘန်ကောက် Noi ရဲစ...

ရူးနေတယ်လို့ ထင်ရတဲ့ အမျိုးသား တစ်ယောက်ဟာ ဘန်ကောက်၊ Phran Nok လမ်းမှ Soi Wat Lkhon Tham ထဲမှာ လူတွေကို ‌ေသနတ်နဲ့ပစ်နေတယ်လို့ မေ၁၅ရက်နေ့နံနက်မှာ ဘန်ကောက် Noi ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ အာဏာပိုင်တွေက အခင်းဖြစ်ရာကို အမြန်သွားရောက်ခဲ့ပြီး အဲဒီနေရာကို ပိတ်ဆို့ခဲ့ကြပါတယ်။ ရဲတွေက အဲဒီ ဧရိယာကို ဝန်းရံထားပြီး ‌ေသနတ်သမားက လူတွေကို ဖမ်းဆီးကာ ဓါးစာခံလုပ်ထားတယ်လို့ သိရပါတယ်။ ရဲတွေက ‌ေသနတ်သမားနဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ဓါးစာခံတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ‌ေသနတ်သမားက ရဲတွေနဲ့ စကားပြောချင်ပုံ မရဘဲ ရဲတွေကို ‌ေသနတ်နဲ့ ပစ်နေပါတယ်။ အာဏာပိုင်တွေက အဲဒီဧရိယာကို လူတွေ မလာနိုင်အောင် တားဆီးထားပါတယ်။


news-view-count-icon

18