back

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်များမိုးဇလမှထုတ်ပြန်

May 15 • 5:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်များမိုးဇလမှထုတ်ပြန်

၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့...

၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကာအမြင့်တာအားဖြင့် ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်နဲ့ရေပြင်လေဟာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်ထိဖြစ်ပါတယ်။

လှိုင်းအ‌ခြေအနေမှာ-လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာလှိုင်းအမြင့်မှာ- ၇ ပေမှ ၉ ပေခန့်ထိဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ရာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ဖြစ်ကာရေပြင်လေဟာတောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ ထိဖြစ်ကာလှိုင်းအ‌ခြေအနေမှာလှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ထိဘဲဖြစ်ပါတယ်။


news-view-count-icon

10