စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ခံရသော ကလေးငယ်များ၏ စိတ်ကျန်းမာရေးကို အထူးဂရုပြု၍ ကစားနည်းများ၊ ပုံပြင်ပြောပြခြင်း၊ အရုပ်ဆက်ခြင်း စသည့် “ကလေးပျော်” အစီအစဉ်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် Terre des hommes (Tdh-L) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအစီအစဉ်သည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ကူညီပံ့ပိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။



