back

ဥရောပက အမေရိကန်အား အစဉ်သဖြင့် မှီခိုနေခြင်းမှာ “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ ပြောကြား

May 15 • 4:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဥရောပက အမေရိကန်အား အစဉ်သဖြင့် မှီခိုနေခြင်းမှာ “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ ပြောကြား

ဥရောပက အမေရိကန်အပေါ် အစဉ်သဖြင့် မှီခိုနေပါက “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က မတ် ၁၃ ရက် ညပိုင်းတွင် ပြင်သစ်ရုပ်သံလိုင်း TF1 ၏ အထူးအစီအစဉ်တစ်ခ...

ဥရောပက အမေရိကန်အပေါ် အစဉ်သဖြင့် မှီခိုနေပါက “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က မတ် ၁၃ ရက် ညပိုင်းတွင် ပြင်သစ်ရုပ်သံလိုင်း TF1 ၏ အထူးအစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။အကယ်၍ ဥရောပသည် နောက် ၅ နှစ်မှ ၁၀ နှစ်အတွင်း မိမိကိုယ်ကို စုစည်းနိုင်ခြင်း၊ အမေရိကန်နိုင်ငံအပေါ် ပိုမိုသီးခြားရပ်တည်နိုင်ခြင်း မရှိပါက “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။ဥရောပစစ်ပွဲအပြီး ငြိမ်းချမ်းရေးအတွက် ပေါင်းစည်းမှုစတင်ခဲ့ရာ သာယာဝပြောသော ဘုံဈေးကွက်အဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ယခုအခါတွင် “ပထဝီဝင်နိုင်ငံရေးနိုးထမှု အချိန်အခိုက်အတန့်” ရောက်လာကာ ဥရောပသည် “အင်အား” တစ်စုဖြစ်လာရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


news-view-count-icon

10