တရုတ်နှင့် ကိုလံဘီယာ ခေါင်းဆောင်များသည် ဘေဂျင်းမြို့တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် နှစ်နိုင်ငံကြား ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်း (BRI) နှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း BRI စီမံကိန်းကြောင့် တရုတ်သည် အမေရိကန်အတွက် မဟာဗျူဟာမြောက် အရေးကြီးသည့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု မြင့်တက်ခဲ့သည်။



